မနက်ဖြန်ထိုးသတ်မည့်ပွဲအတွက် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ဆေးစစ်/ဝိတ်ချိန်မှု အောင်မြင်

0
349

MLWC-8 မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးရဲ့ ခေါင်တွဲဆိုင်းဖြစ်သည့် ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့ ဆေးစစ်/ဝိတ်ချိန်မှု အောင်မြင်ကြောင်း သိရသည်။

MLWC-8 မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးကို မနက်ဖြန် သြဂုတ်လ (၂၀) ရက် နေ့လည် ၂ အချိန်မှစတင်ပြီး သိမ်ဖြူအားကစားရုံကြီး၌ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

အဆိုပါပွဲစဉ်တွင် အမှတ်ပေးစနစ်မပါဝင်ပဲ အလဲထိုးအနိုင်စနစ်ဖြင့် ယှဥ်ပြိုင်ထိုးသတ်ကြရမည်ဖြစ်ကာ အနိုင်ရရှိသူအား ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ အမြင့်ဆုံးတန်း ချန်ပီယံခါးပတ်ပေးအပ်မည်ဖြစ်ပြီး အလဲထိုး အရှုံးအနိုင်မပေါ်ခဲ့ပါက သရေပွဲအဖြစ်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းမင်း နှင့် သွေးသစ်ဝင်းလှိုင်သည် ပထမအကြိမ်တွေ့ဆုံမှုအဖြစ် TGL 3 တွင် သွေးသစ်ဝင်းလှိုင် က ဒိုင်အမှတ်ဖြင့်အနိုင်ရရှိထားပြီး ပွဲစဉ်ကို SKYNET SPORTS-4 နှင့် SKYNET SPORTS-HD ရုပ်သံလိုင်းများမှ တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Photo – SkyNet Sports


LEAVE A REPLY

Please enter your comment!
Please enter your name here