မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံကျော် ရရှိထား

0
284

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ (၁) ရက်မှ ဩဂုတ်လ (၄) ရက်အထိ (၄) လအတွင်း မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်မှုတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၈၄၅ ဒသမ ၆၁၃ သန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၆၃၁ ဒသမ ၄၅ ၇ သန်းတင်သွင်းခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

အဆိုပါ ပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူအတွင်း ဆောင်ရွက်ခဲ့သည့် ပမာဏနှင့် နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း သန်း ၆၀၀ နီး ပါး ပိုမိုကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများအပါအဝင် ကြက်သွန်၊ ငရုတ်၊ ရော်ဘာနှင့် ရေထွက်ပစ္စည်းများကို တင်ပို့လျှက်ရှိနေပြီး တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားသောက်ကုန်နှင့် ဆေးဝါးများ ပြန်လည်တင်သွင်းလျှက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here