ရွှေပြည်သာမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားကာ နေအိမ် (၄) လုံးပျက်စီးဆုံးရှုံး

0
218

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၇)ရပ်ကွက်တွင် ယ‌နေ့ သြဂုတ် (၁၉) ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းတို့မှ သိရသည်။

ယနေ့နေ့လယ် (၁) နာရီခန့်က ရွှေပြည်သာမြို့နယ်၊ (၇) ရပ်ကွက်၊ ဗညားဒလလမ်းတွင် မီးလောင်မှုဖြစ်ပွား၍ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

“ရွှေပြည်သာမြို့နယ် ဆေးရုံနောက်ကျောက ရပ်ကွက်မှာမီးလောင်တာပါ။ နေအိမ် (၄) လုံး ပျက်စီး ဆုံးရှုံးသွားပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ လူမရှိပါဘူး။ မီးခိုးမွှန်တဲ့လူလောက်ပဲရှိပါတယ်”ဟု လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လယ် ၁ နာရီ ၁၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လယ် ၁ နာရီ ၁၆ မိနစ်၌ မီးငြိမ်းသွားခဲ့ကာ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here