ကျောက်တန်းမြို့နယ်တွင် ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီး အလောင်း တွေ့ရှိ

0
248

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာ အုပ်စုတွင် ဦးခေါင်းနောက်စေ့ဖူးယောင်ဒဏ်ရာဖြင့်သေဆုံးနေသည့် အမျိုးသမီးတစ်ဦး ရုပ်အလောင်းတစ်လောင်းအား ယနေ့ သြဂုတ် (၁၉) ရက် နံနက်အစောပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၅) နာရီခန့်က ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ သီလဝါပြည်တွင်း စက်မှုဇုန်၊ မင်းသိဒ္ဓိကျော်စွာလမ်းဘေးတွင် လဲကျသေဆုံးနေသည့် အမည်မသိ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းအရ ကျောက်တန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာ၌ အသက်(၂၀)နှစ်ခန့်ရှိ အမည်မသိအမျိုးသမီးမှာ ဦးခေါင်းနောက်စေ့ဒဏ်ရာဖြင့် ခန္ဓာကိုယ်ဘယ်ဘက်သို့ စောင်းကာ နဖူးပေါ်လက်တင်ပြီး နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများထွက်၍ ဘေးတစ်စောင်းအနေအထားဖြင့် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် ရုပ်အလောင်းအား ကျောက်တန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ကျောက်တန်းမြို့မရဲစခန်းက (ပ)၁၀၃/၂၀၂၃၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here