TOTALENERGIES BWF WORLD CHAMPIONSHIPS 2023 တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် သက်ထားသူဇာ

0
161

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဒိန်းမတ်နိုင်ငံတွင်ကျင်းပမည့် TOTALENERGIES BWF WORLD CHAMPIONSHIPS 2023 တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် ဩဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၆၁) ရှိ သက်ထားသူဇာသည် (၆၄) ဦးအဆင့်တွင် ကမ္ဘာ့အဆင့် (၉၀) ရှိ မက္ကစီကိုနိုင်ငံသူ Haramara GAITAN နှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည့် 2024 Paris Olympics ကိုဝင်နိုင်ရန်အတွက် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်းလည်း သိရသည်။

File Photo


LEAVE A REPLY

Please enter your comment!
Please enter your name here