အင်းတကော်တွင် ဘေးတွဲဆိုင်ကယ်ပေါ်မှ လက်လုပ်မိုင်းပေါက်ကွဲကာ တစ်ဦးသေဆုံးပြီး အသက် (၇)နှစ်အရွယ် ကလေးငယ်အပါအဝင် ၄ ဦးဒဏ်ရာရခဲ့

0
271

ပဲခူးတိုင်း၊အင်းတကော်မြို့၊အမှတ်(၂)ရပ်ကွက်ရှိ အဆောင်တစ်ခုရှေ့တွင် သြဂုတ် ၁၉ ရက်ညနေပိုင်းက ဘေးတွဲဆိုင်ကယ်ပေါ်မှ ပစ္စည်းများချနေစဥ် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ညနေ ၅ နာရီ ၅၀ မိနစ်ခန့်က အင်းတကော်မြို့၊အမှတ်(၂ )ရပ်ကွက်ရှိ အဆောင်ခန်းတစ်ခုရှေ့တွင် မောင်စိုင်းစိုင်း(၁၄)နှစ်သည် ဘေးတွဲဆိုင်ကယ်ပေါ်မှကုန်ပစ္စည်းများချနေစဥ် ကုန်ပစ္စည်းများကြားမှ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် မောင်စိုင်းစိုင်းမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး အသက်(၇)နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ပြီးနောက် ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီးနောက် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here