မြန်မာ ယူ ၂၃ အသင်းနှင့် ကမ္ဘောဒီးယားအသင်း သရေရလဒ်ထွက်ပေါ်

0
238

၂၀၂၃အာဆီယံယူ ၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (က) ၏ ဒုတိယမြောက်ပွဲစဥ်အဖြစ် မြန်မာယူ ၂၃ အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ယ‌နေ့ ညနေ ၃ နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးတွင် ကမ္ဘောဒီးယားက မြန်မာအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းရောက်မှသာ မြန်မာအသင်းက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကာ တစ်ဖက် တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးသွားခဲ့သည်။

မြန်မာယူ-၂၃ အသင်းသည် အာဆီယံ ချန်ပီယံရှစ် အုပ်စု (က)တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း အသင်းတို့နှင့် ကျရောက်လျက်ရှိပြီး ဩဂုတ် ၁၇ တွင် ထိုင်းအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ပြီးချိန်တွင် ရမှတ် ၁ မှတ်သာ ရရှိသေးသည့်အတွက် နောက်တစ်ဆင့်သို့တက်ရောက်ရန် မျှော်လင့်ချက် နည်းသွားခဲ့ပြီဖြစ်သည်။

မြန်မာယူ-၂၃ အသင်းသည် ဩဂုတ် ၂၁ ရက်တွင် ဘရူနိုင်း အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here