တရုတ် – ထိုင်း – မြန်မာ – လာအို လေးနိုင်ငံပူးပေါင်း၍ လောင်းကစားနှင့် လိမ်လည်သူအုပ်စုများကို တိုက်ဖျက်မည်

0
178

တရုတ် – ထိုင်း – မြန်မာ – လာအို လေးနိုင်ငံပူးပေါင်း၍ လောင်းကစားနှင့် လိမ်လည်သူအုပ်စုများကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ(၁၅)ရက်နှင့် (၁၆)ရက်နေ့တို့တွင်တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ပူးပေါင်းပြုလုပ်သည့် ဒေသတွင်းလောင်းကစားနှင့်လိမ်လည်မှုများမှတစ်ဆင့် ပေါ်ထွက်လာသည့် လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှု၊ တရားမဝင်ထိန်းချုပ်မှု စသည့် ပြစ်မှုကျူးလွန်မှုများအတွက် အထူးပူးပေါင်းတိုက်ဖျက်ရေးလှုပ်ရှားမှုစတင်ခြင်းအခမ်းအနားမှ သိရသည်။

တရုတ် – ထိုင်း – မြန်မာ – လာအို လေးနိုင်ငံမှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အထူးလှုပ်ရှားမှုအထွေထွေညှိနှိုင်းရေးစင်တာကို အတူတကွ တည်ဆောက်ထားရှိပြီး ဒေသတွ င်း ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားပြစ်မှု ကျူးလွန်မှုများကို တင်းကျပ်စွာတို က်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်းများကို ပြတ် ပြတ်သားသားပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

တရုတ် – ထိုင်း – မြန်မာ – လာအို လေးနိုင်ငံ ပူးပေါင်းကာ ပြစ်မှုကျူးလွန်သူအုပ်စုများအား လက်တွေ့လှုပ်ရှားမှုဖြ င့် ပြင်းပြင်းထန်ထန် သတိပေးသွားမည်ဖြစ်ပြီး လေးနိုင် ငံရဲတပ်ဖွဲ့ ပူးပေါင်းကာ လောင်းကစားနှင့် လိမ်လည်မှုကို ပြင်းပြင်းထန်ထန်တိုက်ဖျက်လိုသည့် ပြတ်သားသောဆုံးဖြတ်ချက်ကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here