ဂျပန်၊တောင်ကိုရီးယားနှင့်အမေရိကတို့က တရုတ်၏ အန္တရာယ်များပြီးရန်စသည့်လုပ်ရပ်များအားရှုံ့ချ

0
203

ကမ့်ပ်ဒေးဗစ်၊ဩဂုတ် ၁၉

အမေရိကန်၊တောင်ကိုရီးယားနှင့်ဂျပန်တို့သည် တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်၏ရန်လိုပြီးအန္တရာယ်များသောလုပ်ရပ်များအတွက် ရှုံ့ချကြောင်းပူးတွဲ‌ထုတ်ပြန်ချက်၌ ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် သုံးနိုင်ငံစစ်ရေးလေ့ကျင့်မှုကိုနှစ်စဉ်ကျင်းပရန်နှင့် မြောက်ကိုးရီးယားဒုံးကျည်ပစ်လွှတ်မှုဆိုင်ရာ အချက်အလက်များကို ၂၀၂၃ ခုနှစ်အကုန်တွင် အချိန်နှင့်တစ်ပြေးညီမျှဝေသွားရန်ကတိပြုထားပြီး သုံးနိုင်ငံထိပ်သီးအစည်းအဝေးများကိုလည်း နှစ်စဉ်ကျင်းပရန်ကတိပြုခဲ့ကြသည်။

၎င်းတို့သည် သတင်းအချက်အလက်ဝေမျှမှုနှင့် စီးပွားရေးအကျပ်ကိုင်မှုများကို အတူတကွတိုက်ဖျက်ရန် ကြိုတင်သတိပေးစနစ်၏ ရှေ့ပြေးပရောဂျက်ကိုစတင်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယူကရိန်းသို့ရုရှား၏ကျူးကျော်မှုကို တုံ့ပြန်သည့်အနေနှင့် ၎င်းတို့က ကိဗ်ကိုဆက်လက်ထောက်ခံရန်နှင့် မော်စကိုအပေါ်ခိုင်မာသည့်ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်ထိန်းသိမ်းထားကာ ရုရှားစွမ်းအင်အပေါ် ပိုမိုမှီခိုနေရမှုအား ထိန်းချုပ်ကန့်သတ်နိုင်ရန်ပါရည်မှန်းထားကြောင်းသိရသည်။

ရုရှား၏အဓိကမဟာမိတ်ဖြစ်သော တရုတ်နိုင်ငံသည်လည်း တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်ကိုမတရားတောင်းဆိုမှုအား ကျွန်ုပ်တို့အနေဖြင့်ဆန့်ကျင်ပါကြောင်းနှင့် လက်ရှိအနေအထားများအားတရားမဝင်အအပြောင်းအလဲလုပ်ခြင်းသည် အန္တရာယ်များပြီးရန်လိုခြင်းပင်ဖြစ်သည်ဟုလည်းထုတ်ပြန်‌ချက်၌ဖော်ပြထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here