ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် ISPE အမျိုးသမီးအသင်းတို့ ပွဲစဉ်တွင် အငြင်းပွားဖွယ်ရာ ရလဒ်ထွက်ပေါ်

0
339

ယနေ့ညနေက စလင်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် ISPE အမျိုးသမီးအသင်းတို့ ပွဲစဉ်တွင် အငြင်းပွားဖွယ်ရာ ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်၏ပွဲကစားချိန် (၃၆) မိနစ်တွင် ISPE အသင်းက ကန်လိုက်သည့် ဘောလုံးသည် ရန်ကုန်ကစားသမားတစ်ဦး၏ လက်ဖြင့်ထိသွားခဲ့သည်ဟုဆိုကာ ကွင်းလယ်ဒိုင်လူကြီးမှ ပယ်နယ်တီပေးခဲ့သည်။

ထို့‌ကြောင့် ရန်ကုန်ယူနိုက်တက်အမျ်ိုးသမီိိးအသင်းကစားသမားမှ စည်းအပြင်တွင် ထိခြင်းဖြစ်ကြောင်း စောဒကတက်ခဲ့ပြီး ကွင်းလယ်ဒိုင်မှလည်း ဆုံးဖြတ်ချက်မပြင်ခဲ့သည်အတွက် ရန်ကုန်အမျိုးသမီးအသင်းကစားသမားများသည် ကွင်းအပြင်သို့ထွက်ခွာသွားခဲ့သည်။

ပွဲပြန်စသည့်အချိန်တွင်လည်း ရန်ကုန်ယူနိုက်တက်အမျိုးသမီးကစားသမားများသည် သေချာမကစားတော့သည့်အတွက် ISPE ကစားသမားများမှ ရရှိသမျှအခွင့်အရေးကို အသုံးချပြီး ၁၁ ဂိုးအထိ သွင်းယူခဲ့သည်။

၁၁ ဂိုးပြည့်သွားသည့် ပွဲကစားချိန် ၅၇ မိနစ်တွင် ရန်ကုန်အမျိုးသမီးအသင်းတွင် ကွင်းအတွင်းဆက်လက်ကစားနိုင်သည့် ကစားသမား ၇ ဦးသာရှိတော့သည့်အတွက် ကွင်းလွယ်ဒိုင်မှ ပွဲသိမ်းခရာမှုတ်ကာ ကစားပွဲကို ရပ်တန့်ခဲ့သည်။

ထို့ကြောင့် ISPE အသင်းက ၁၁ ဂိုး ဂိုးမရှိရလဒ်ဖြင့် အနိုင်ရ ပွဲပြီးဆုံးသွားပြီး ထိုပွဲစဥ်အပေါ် မြန်မာဘောလုံးပရိသတ်များအကြား ဝေဖန်မှုများလည်း မြင့်တက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here