မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းသံဃာများ၊သီလရှင်များနှင့်ကျောင်းသား၊ကျောင်းသူများကို အခမဲ့ဖူးမြော်ခွင့်ပြုမည်

0
324

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၌ တည်ထားကိုးကွယ်ထားသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းသံဃာများ၊သီလရှင်များနှင့်ကျောင်းသား၊ကျောင်းသူများကို အခမဲ့ဖူးမြော်ခွင့်ပြုသွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ သြဂုတ် ၁၉ ရက်မွန်းလွဲပိုင်းကပြုလုပ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘုရားကြီးအတွင်းသို့ စည်းကမ်းမဲ့ဝင်ရောက်မှုများမရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကာ ဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရန်လည်း စဉ်းစားဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် လျှပ်စစ်မီးသုံးစွဲမှုသက်သာစေရန် လျှပ်စစ်မီးသုံးစွဲမှုကို လျှော့ချပေးနိုင်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးများကိုလည်းတပ်ဆင်ပေးထားကာ သောက်သုံးရေများကိုလည်း စဉ်ဆက်မပြတ်ရရှိအောင် စဉ်းစားဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့အတူ ဘုရားကြီးပတ်ဝန်းကျင်စိမ်းလန်းသာ ယာစိုပြေစေရန်စိုက်ပျိုးထားသည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်ဖြစ်ကာ မြက်ဖြတ်ခြင်းများကိုလည်း စနစ်တကျဆောင် ရွက်နေရမည်ဖြစ်ပြီး ဘုရားဖူးကားများစနစ်တ ကျရှိစေရန်လည်း ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

“ရဟန်းသံဃာတွေ သီလရှင်တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမှာဖြစ်သလို ဝန်ထမ်းတွေကိုလည်း ဝင်ကြေးရဲ့ ၅၀ ရာခိုင်နှုန်းလျှော့ချကောက်ခံပေးသွားပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

ဘုရားကြီးတည်တံ့ခိုင်မြဲရေးနှင့်သန့်ရှင်းသာယာလှပရန် လိုအပ်သည့်လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်ငွေကြေးများရရှိရန် စက်တင်ဘာ ၃ ရက်နောက်ပိုင်းတွင် ဝင်ကြေးငွေကောက်ခံသွားမည်ဖြစ်ပြီး ရရှိသည့်အခြေအနေပေါ်မူတည်၍ သုံးသပ်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here