ယူကရိန်း တန်ပြန်ထိုးစစ် ရည်မှန်းချက် မအောင်မြင်ဟု အမေရိကန်ထောက်လှမ်းရေးဆို

0
233

ယူကရိန်း၏ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရယူရန်ပြုလုပ်သော တန်ပြန်ထိုးစစ် အစီအစဉ်များသည် Melitopol မြို့သို့ ရောက်ရှိရန် ပျက်ကွက်သည့်အပြင်၊ ယခုနှစ်အတွင်း ရုရှားတပ်များကို ၎င်းတို့၏ အခြေစိုက်စခန်းများမှ မောင်းထုတ်ရန်ဟူသည့် အဓိက ရည်မှန်းချက်လည်း အောင်မြင်မည်မဟုတ်ဟု အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းက ဆိုကြောင်း ဝါရှင်တန်ပို့စ် သတင်းစာ၏ အစီရင်ခံစာတစ်ခုတွင် ရေးသားဖော်ပြထားသည်။

လက်ရှိ တန်ပြန်ထိုးစစ်အတွင်း ရုရှားဖက်မှ သိမ်းပိုက်ထားသည့် ဗျူဟာမြောက်မြို့ဖြစ်သော Melitopol မြို့ကို ယခုနှစ်အတွင်း ယူကရိန်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်ရန်လက်လှမ်းမမီနိုင်ကြောင်းကိုလည်း အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းက ရှုမြင်သုံးသပ်ထားသည်။

သြဂုတ် ၁၈ ရက်နေ့က Reuters သို့ မှတ်ချက်ပေးခဲ့သည့် အမည်မဖော်လိုသူ အမေရိကန် ထောက်လှမ်းရေးအရာရှိတစ်ဦးကမူ ယူကရိန်းတို့၏ Melitopol မြို့ စစ်ဆင်ရေးတွင် တိုးတက်မှုများမှာ နှေးကွေးလှကာ အကန့်အသတ်နှင့်သာရှိနေဆဲဖြစ်သဖြင့် ဝါရှင်တန်သည် မိမိတို့၏လက်ရှိသုံးသပ်ချက်ကို ပြောင်းလဲရန် မဖြစ်နိုင်သေးဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ရုရှားမြေတံတားကိုဖြတ်လျှက် ခရိုင်းမီးယားကျွန်းဆွယ်သို့တန်ပြန်ထိုးစစ်ဆင်ရန် ကြိုးပမ်းမှုတွင် Melitopol နှင့် Berdyansk မြို့များအနီး ၎င်း၏တပ်ဖွဲ့များ ဆက်လက်ချီတက်နေဆဲဖြစ်ကြာင်း သို့ရာတွင် နှေးကွေးမှုများရှိနေကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here