မြန်မာနိုင်ငံအတွင်း တရုတ်၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၅၉၇ ခုဖြင့် ကန်ဒေါ်လာ ၂၁ ဒသမ ၈၆၃ ဘီလီယံ ရင်းနှီးမြှုပ်နှံထား

0
151

မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်ကပြောသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်သည် သြဂုတ် (၁၈) ရက် နံနက်ပိုင်းက ကျင်းပသည့် ၂၀၂၃ ခုနှစ် ဂျီအမ်အက်စ် စီးပွားရေးစင်္ကြံအုပ်ချုပ်သူများဆိုင်ရာ ဖိုရမ် ဒုတိယနေ့၊ GMS Projects Roadshow နှင့် လင်ချန်းနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၉၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၈၆၃ ဘီလီယံတန်ဖိုးရှိသည့်အ တွက် ပြည်တွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ကွမ်းလုံတံတားတည်ဆောက်ရေးစီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးထွက်ကုန်များကို တရုတ်နိုင်ငံသို့ အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ခြင်းဖြင့် နယ်စပ်ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကို အတိုင်းအတာတစ်ခုအထိ ပိုမိုမြှင့်တင်နိုင်မည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားသွားသည်။

လင်ချန်းနယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ရှိ International Aquatic Products Processing Industrial Park စီမံကိန်းသည်လည်း နှစ်နိုင်ငံကြား နယ်စပ်ဒေသတစ်လျှောက် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး လျှပ်စစ်သုံးမော်တော်ယာဉ်ကဏ္ဍအပါအဝင် စိုက်ပျိုးရေး၊ဇီဝဆေးပညာ၊ ရေနေသတ္တဝါ၊ အအေးထိန်းပစ္စည်းများထော က်ပံ့ပို့ဆောင်ရေး၊ ယဉ်ကျေးမှု ဖလှယ်ရေးဆိုင်ရာ ခရီးသွားလုပ်ငန်းကဏ္ဍ စီမံကိန်းများသည် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်က သတ်မှတ်ထားသည့် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ထို့ကြောင့် ယင်းကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်လိုကာ စားနပ်ရိက္ခာဖူလုံမှုနှင့် စိုက်ပျိုးရေးထုတ်ကုန်ထုတ်လုပ်မှု လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပံ့ပိုးပေးရန် မျှော်လင့်‌ေကြာင်းလည်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် (၁၇) ရက်မွန်းလွဲပိုင်းကလည်း Yunnan Haigeng Conven-tion Center ၌ ကျင်းပသည့် 2023 GMS Economic Corridor Governors Forum ၏ GMS Project Roadshow and Lincang – Mekong Fruit Festival သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here