ထိုင်ဝမ်ဒုသမ္မတ၏အမေရိကန်ခရီးစဉ်ကိုတုံ့ပြန်‌သည့်အနေဖြင့် ထိုင်ဝမ်အနီး၌တရုတ်စစ်ရေးလေ့ကျင့်မှုပြုလုပ်

0
285

ရှန်ဟိုင်း၊ဩဂုတ် ၂၀

ထိုင်ဝမ်ဒုတိယသမ္မတဝီလျံလိုင်၏ပါရာဂွိုင်းခရီးစဉ်အတွင်း အမေရိကမှလေယာဉ်ပြောင်းစီးသည်ကို တရုတ်နိုင်ငံဘက်မှအပြင်းအထန်ကန့်ကွက်ခဲ့သည်။သို့သော် မစ္စတာလိုင်က အမေရိကသို့ဝင်ခဲ့သည်ကို တရုတ်နိုင်ငံဘက်မှတုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်အနီးစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုင်ဝမ်၏နောက်ထပ်သမ္မတတစ်ဦးအဖြစ် လျာထားခြင်းခံရသည့်မစ္စတာလိုင်သည် ပါရာဂွိုင်းခရီးစဉ်မှ သောကြာနေ့ကပြန်ရောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်မှလေယာဉ်ချိန်းစဉ် မိန့်ခွန်းတော့ပြောခဲ့သည်။

အဆိုပါခရီးစဉ်အားဆန့်ကျင်ကာ သတိပေးသည့်အနေဖြင့် တရုတ်နိုင်ငံဘက်မှ ထိုင်ဝမ်အနီးတွင် ရေတပ်၊လေတပ်ပူးတွဲကင်းလှည့်ခြင်းများပြုလုပ်ခဲ့ကြောင်းတရုတ်နိုင်ငံဘက်မှပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ကျွန်းအနီးရှိစစ်ရေးလေ့ကျင့်မှုတွင် တရုတ်လေယာဉ် ၄၂ စင်းနှင့် သင်္ဘော ၈ စင်းကို စနေနေ့ နံနက်ပိုင်းကတွေ့ရှိခဲ့ပြီး ယင်းကိုတုံ့ပြန်သည့်အနေဖြင့် သင်္ဘောများနှင့် လေယာဉ်များကိုတပ်ဖြန့်ခဲ့ရကြောင်းပြောကြားခဲ့သည်။

“ဒါဟာပြင်ပအင်အားစုတွေအားကိုးနဲ့ ထိုင်ဝမ်ကိုတရုတ်ပြည်မကနေခွဲထုတ်နိုင်အောင်လုပ်နေတဲ့ ခွဲထွက်ရေးသမားတွေအတွက် ပြင်းပြင်းထန်ထန်သတိပေးချက်ပါပဲ” ဟုလည်း တရုတ်၏ထုတ်ပြန်ချက်၌ပါရှိသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here