ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် ကျောက်တင်ရထားမိုင်းဆွဲတိုက်ခိုက်ခံရ

0
308

မွန်ပြည်နယ်၊သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင် သြဂုတ် ၂၀ ရက်(ယနေ့)နံနက်ပိုင်းက ကျောက်တင်ရထားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က ရန်ကုန်-မော်လမြိုင်ရထားလမ်းအတိုင်း ဘီးလင်းမြို့ဘက်မှသထုံမြို့ဘက်သို့ ခုတ်မောင်းလာသည့် ကျောက်တင်ရထားသည် သထုံမြို့နယ်ရှိ ဒုံဝန်းဘူတာနှင့်သိမ်ဆိပ်ဘူတာကြားရှိ မိုင်တိုင်အမှတ် ၁၂၃/၂၃ နှင့် ၁၂၃/၂၄ အရောက် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြရာ ကျောက်တင်ရထားနှင့်လိုက်ပါလာသူများမှာ ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘဲ ရထားသံလမ်းမှာ ၁ ပေခန့်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here