စလင်းမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့

0
333

စလင်းမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု သြဂုတ် ၂၀ ရက်(ယ နေ့)မွန်းလွဲပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယနေ့မွန်းလွဲ ၂ နာရီ ၁၂ မိနစ် ၄၅ စက္ကန့်ခန့်က စလင်းမြို့၏ အနောက်ဘက်(၁၂) မိုင်ခန့်အကွာ၊မြောက်လတ္တီတွဒ်(၂၀ ဒသမ ၆၀)ဒီဂရီ၊အရှေ့ လောင်ဂျီတွဒ်(၉၄ ဒသမ ၄၆)ဒီဂရီ၊အနက်(၄၆) ကီလိုမီတာအားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုအား ညောင်ဦးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here