အာရှလမ်းမကြီးအား ပြုပြင်ပြီး မြဝတီမြို့သို့ပြန်လာသည့် ယန္တရားတင်ယာဥ်နှင့် Hiace ကားတို့ပစ်ခတ်ခံရပြီး ၃ ဦးဒဏ်ရာရ

0
503

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွားအာရှလမ်းမကြီး၏ တောနော်ရေတံခွန်အနီးမြေပြိုကျသည့်နေရာအားပြုပြင်ပြီး၍ မြဝတီမြို့သို့ပြန်လာသော ယန္တရားတင်ယာဥ်နှင့် Hiace ကားတို့ သြဂုတ် ၂၀ ရက်(ယနေ့)နံနက်ပိုင်းက ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၉ နာရီခွဲကျော်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် အာရှလမ်းမကြီး၏ မြေပြိုကျသည့်နေရာအားလုပ်ငန်းဆောင်ရွက်ပြီး၍ မြဝတီမြို့သို့ပြန်လာသော မြေတူးယန္တရားတင်လာသည့်ကားနှင့်အမျိုးသား၊အမျိုးသမီး ၁၅ ဦးလိုက်ပါလာသည့် Hiace ကားတို့အား လက်နက်ကြီးဖြင့်စတင်ပစ်ခတ်ပြီးနောက် သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် Hiace ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ကားတွင်လည်းကျည်ထိမှန်မှုများရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သူ ၃ ဦးအား လူမှုကူညီရေးအသင်းကားများဖြင့် သင်္ဃန်းညီနောင်စစ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here