အင်းစိန် စော်ဘွားကြီးကုန်းမီးပွိုင့်တွင် အိမ်စီးကားနှင့် Taxi တိုက် ၂ ဦးဒဏ်ရာရ

0
365

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်းရပ်ကွက်၊စော်ဘွားကြီးကုန်းမီးပွိုင့်တွင် သြဂုတ် ၂၀ ရက်ည ၉ နာရီခွဲခန့်က အိမ်စီးကားနှင့် Taxi တိုက်မိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့နှင့်အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ သိရသည်။

“အခင်းဖြစ်ပြီးချိန်မှာ ထိခိုက်ဒဏ်ရာရတဲ့လူတွေကို မြေပြင်ကုသမှုတွေလုပ်ပေးနေရတဲ့အတွက် ဖြစ်စဥ်ကိုသေချာမမေးဖြစ်လိုက်ပါဘူး အိမ်စီးကားနဲ့ Taxi ခေါင်းခြင်းတိုက်မိတာပါ မျက်နှာ ချင်းဆိုင်မဟုတ်ပါဘူး ဘေးဘက်ခေါင်းခြင်းပါ” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ဖြစ်စဥ်၌ အမျိုးသား ၂ ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-တွဲလက်လူမှုကူညီရေး/အင်းစိန်ကြက်ခြေနီ


LEAVE A REPLY

Please enter your comment!
Please enter your name here