ရုရှားနိုင်ငံ Patriot Park ပန်းခြံအတွင်း မြန်မာ့စစ်သည်တော်မဟာမိတ်များအမည်ရှိ အထိမ်းအမှတ်ရုပ်တုဖွင့်လှစ်

0
333

ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အထိမ်းအမှတ်အားဂုဏ်ပြုသည့်အနေဖြင့် ရုရှားနိုင် ငံ၊မော်စကိုခရိုင်၊ကူဘင်ကာမြို့၊မျိုးချစ်ပန်းခြံ Patriot Park အတွင်း၌ ဒုတိယကမ္ဘာစစ်ကာလအ တွင်းတိုက်ပွဲဝင်ခဲ့ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ”အမည်ရှိ အထိမ်းအမှတ်ရုပ်တုအား ဩဂုတ် ၁၄ ရက်က ဖွင့်လှစ်ခဲ့သည်။

“မြန်မာ့စစ်သည်တော်မဟာမိတ်များ”အမည်ရှိ အထိမ်းအမှတ်ရုပ်တုစိုက်ထူခြင်းသည် ယခုနှစ်တွင်ကျရောက်ခဲ့သည့် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်အထိမ်းအမှတ်ကိုဂုဏ်ပြုခြင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ ပိုမိုတောင့်တင်းခိုင်မာလာမည်ကို ထုတ်ဖော်ပြသခြင်းဖြစ်ကာ စစ်မှန်သောသမိုင်း၏အမှန်တရားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းသည် အရေးပါသော နိုင်ငံရေးတာဝန်တစ်ရပ်ဖြစ်သည်ဟု ရုရှားနိုင်ငံ၊ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu ကပြောကြားခဲ့သည်။

ထို့ပြင် နစက အဖွဲ့ဝင်၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှလည်း ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်စကားပြောကြားခဲ့သည်။

ထို့နောက် ရုရှားနိုင်ငံ၊ကာကွယ်ရေးဝန်ကြီး၊ နစက အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက “မြန်မာ့စစ်သည်တော်မဟာမိတ်များ”အမည်ရှိ အထိမ်းအမှတ်ရုပ်တုရှေ့၌ ဂုဏ်ပြုပန်းစည်းများချ၍ အလေးပြုခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံနှင့်အတူ ဖက်ဆစ်တို့ကိုပူးပေါင်းလက်တွဲတိုက်ခိုက်ခဲ့ကြသည့် ရုရှားတပ်နီတော်အပါအဝင် နိုင်ငံအသီးသီးမှ တိုက်ပွဲဝင်ခဲ့ကြသူများကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ရုပ်တုများကို မျိုးချစ်ပန်းခြံ Patriot Park အတွင်း၌စိုက်ထူးထားသည်။

ယခု စိုက်ထူခဲ့သည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ”အမည်ရှိအထိမ်းအမှတ်ရုပ်တုကိုလည်း ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဖက်ဆစ်တော်လှန်ရေးတွင် အသက်သွေးချွေးစတေးကာပါဝင်တိုက် ပွဲဝင်ခဲ့ကြသည့် မြန်မာ့တပ်မတော်သားများကို ဂုဏ်ပြုသည့်အနေဖြင့် မြန်မာ့သမိုင်းဝင် စစ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားဟန်စစ်သည်နှစ်ဦး၏ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေပုံကို မဟာမိတ်စစ်သည်တော်များ ပြင်ပပြကွက်တွင် စိုက်ထူခဲ့ခြင်းဖြစ်ကာ ရုပ်တုအား မော်စကိုမြို့ M.B Grekova အနုပညာစတူဒီယိုမှ ထုဆစ်ပုံဖော်ခဲ့ခြင်းဖြစ်သည်။

ရုပ်တုပြုလုပ်စိုက်ထူရန် အကြံဉာဏ်အား ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzugetovich Shoigu မှ စတင်အကြံပြုခဲ့ပြီး မြန်မာ့တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) မှ စစ်ဘက်သမိုင်းပညာရှင်များ၏ အစီရင်ခံတင်ပြချက်အရ နစက ဥက္ကဋ္ဌထံ သဘောတူညီချက် တင်ပြတောင်းခံ၍ ရုပ်တုအသွင်သဏ္ဍာန်အား အထူးရွေးချယ်ထုဆစ်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here