ညောင်တုန်းမြို့နယ်တွင် သစ်ခွဲသားများတင်လာသည့် ကုန်တင်ကားအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်၊ ၃ ဦးသေဆုံး

0
224

ဧရာဝတီတိုင်း၊ညောင်တုန်းမြို့နယ်၊လေးလွန်းပင်ကျေးရွာရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတွင် သြဂုတ် ၂၀ ရက်မွန်းလွဲပိုင်းက သစ်ခွဲသားများတင်လာသည့်ကုန်တင်ကား အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က သစ်ခွဲသားများတင်လာသည့် Nissan ကုန်တင်ကားသည် ညောင်တုန်းမြို့နယ်၊လေးလွန်းပင်ကျေးရွာရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၈/၂ နှင့် ၃၈/၃ ကြားတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“ကုန်ကားက သစ်ခွဲသားတွေတင်လာတာ လေးလွန်းပင်ကွေ့မှာ အရှိန်မထိန်းနိုင်ဘဲမှောက်သွားတာပါ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ကူညီကယ်ဆယ်ရေးလုပ်ခဲ့ပါတယ် အမျိုးသား ၃ ယောက်သေဆုံးခဲ့ပါတယ်”ဟု ညောင်တုန်းမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ကုန်တင်ကားပေါ်၌လိုက်ပါလာသည့် အမျိုးသား ၃ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းများအား မျိုးဆက်သစ်လူမှုကူညီရေးအသင်းနှင့်ညောင်တုန်းကြက်ခြေနီအသင်းတို့မှချောင်းကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here