မွေးနေ့မှာမိခင်ဖြစ်သူကို သိန်း၂၀၀၀ ကန်တော့ခဲ့တဲ့ မော်ဒယ်ရွှေစင်

0
807

ယနေ့ဩဂုတ်လ၂၁ ရက်နေ့ဟာမော်ဒယ်ရွှေစင်ရဲ့ မွေးနေ့ဖြစ်ပြီး သူမရဲ့မွေးနေ့မှာ သူမရဲ့မိခင်ကိုကျပ်သိန်း၂၀၀၀နဲ့ကန်တော့ခဲ့တာဖြစ်ပါတယ်။

အခုလိုကန်တော့တာနဲ့ပတ်သက်ပြီးမော်ဒယ်ရွှေစင်က

“မွေးနေ့ မနက်ခင်းလေး……

မွေးနေ့အလှူလေး မသွားခင် ချစ်မေမေ့ကို အရင်ဆုံးကန်တော့ဖြစ်ပါတယ် ဒူးလေးနာနာနေတတ်တဲ့ မေမေ့ ကို ဒူးကျန်းမာရေးလေး ထူထူထောင်ထောင်ဖြစ်စေရန်ရည်ရွယ်ပြီးသိန်း ၂၀၀၀ ကန်တော့ဖြစ်တာပါ ရှင်

မေမေ မွေးပေးလို့ လူဖြစ်လာရတာပါ ၊မွေးနေ့မှာမိခင်ကျေးဇူးဆပ်ရတာဟာ တကယ့်အနှစ်သာရလို့ ယူဆပါတယ်

အရမ်းချစ်တယ် မေမေ

မွေးနေ့မှာလဲအမြဲတောင်းနေကျတစ်ခုထဲသောဆုအတိုင်းလေးပဲဆုတောင်းချင်ပါတယ်

မိဘကိုယခုထက်ပိုပြီးစိတ်ချမ်းသာအောင် ပြည့်စုံအောင် ထားနိုင်တဲ့ သမီး ဖြစ်ပါရစေ” လို့သူမလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

မိဘပေါ်သိတက်တဲ့သမီး ရွှေစင်မွေးနေ့မှာ ကျန်းမာ ပျော်ရွှင်ပါစေလို့ popular က ဆုတောင်းပေးပါတယ်။ ရွှေစင်ရဲ့ ပရိသတ်ကြီးကလည်း ရွှေစင့်အတွက်မွေး‌နေ့ဆုတောင်းပေးကြပါအုန်းနော်။


LEAVE A REPLY

Please enter your comment!
Please enter your name here