မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရထားလမ်းပိုင်းအားပြုပြင်ပြီးဖြစ်၍ ရထားခရီးစဥ်များပြန်လည်ပြေးဆွဲ

0
268

ပဲခူးတိုင်းအတွင်း၌ မိုင်းခွဲဖျက်ဆီးခံခဲ့ရမှုကြောင့်ပျက်စီးသွားသည့် ရထားလမ်းပိုင်းအားပြန်လည်ပြင်ဆင်ပြီးဖြစ်၍ ယာယီရပ်ဆိုင်းခဲ့သည့် ရထားခရီးစဥ်များအား သြဂုတ် ၂၀ ရက်မှစတင်ကာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားမှသိရသည်။

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်ရှိ ရန်ကုန်-မန္တ လေး ရထားလမ်းပိုင်းတွင် ကုန်တင်ရထားတစ်စီးအား လက်နက်ကိုင်အဖွဲ့ဝင်များမှ သြဂုတ် ၁၈ ရက်နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြသဖြင့် ရထားလမ်း၏သံလမ်းနှင့်ရထားတွဲအချို့ပျက်စီးခဲ့သည်။

ထို့ကြောင့် ပျက်စီးသွားသည့် ရထားလမ်းပိုင်းအားတာဝန်ရှိသူများက ပြန်လည်ပြင်ဆင်ရန် ရန်ကုန်-မန္တလေးရထားခရီးစဥ်များအား ယာယီရပ် ဆိုင်း၍ ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်ခဲ့ကြသဖြင့် ရထားခရီးစဥ်များအား ပြန်လည်ပြေးဆွဲနိုင်ခဲ့ခြင်းဖြစ်သည်။

ပျက်စီးသွားသည့် ရထားလမ်းပိုင်းအား ပြန်လည်ပြင်ဆင်ပြီးနောက် သြဂုတ် ၂၀ ရက်နေ့လည် ၃ နာရီ ၄၅ မိနစ်၌ ရန်ကုန်-မန္တလေး အမှတ်(၅)အ ဆန်အမြန်ရထား၊ ညနေ ၄ နာရီ ၄၅ မိနစ်၌ အမှတ် (၃)အဆန်၊ နေ့လည် ၃ နာရီ၌ မန္တလေး-ရန်ကုန် အ မှတ်(၆)အစုန်၊ ညနေ ၄ နာရီ၌ အမှတ်(၄)အစုန်ရ ထားများ ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here