ဘရာဇီး၌ဘောလုံးပွဲမှအပြန်ကားမှောက်သဖြင့် ၇ ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာရ

0
413

ရီယိုဒီဂျနေးရိုး၊ဩဂုတ် ၂၁

ဘရာဇီးနိုင်ငံအနောက်တောင်ပိုင်း၌ ဘောလုံးပွဲမှပြန်လာသည့် ဘောလုံးပရိသတ်များအားတင်ဆောင်လာသော ကားတစ်စီးတိမ်းမှောက်မှုကြောင့် ဘောလုံးပရိသတ် ၇ ဦးသေဆုံးကာ ၂၇ ဦးဆေးရုံတင်ခဲ့ရကြောင်းသိရသည်။

ယခုမတော်တဆမှုသည် ကားဘရိတ်ပေါက်ပြီး ထိန်းချုပ်မရတော့ရာမှဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းကိုယ်‌တွေ့ကြုံခဲ့သူများ၏ပြောစကားအရသိရသည်။

ဆော်ပိုလို၏ ကော်ရင်သီရန်ဘောလုံးအသင်းပရိသတ် ၄၀ ကျော်သည် Belo Horizonte ရှိ ဘောလုံးပွဲမှပြန်လာခြင်းဖြစ်သည်။သေဆုံးသူ ၇ ဦးရှိပြီး ဆေးရုံပို့ထားသူများ၏ အခြေအနေကိုမူ သက်ဆိုင်ရာက ထုတ်ပြန်ကြေငြာထားခြင်းမရှိသေးပေ။

ဘရာဇီးနိုင်ငံတစ်ဝန်းမှ ကလပ်အသင်းများအပြင် ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကလည်း သေဆုံးသူများ၏ မိသားစုများနှင့်သူငယ်ချင်းများထံ ဝမ်းနည်းကြောင်းစာများရေးသားပေးပို့ခဲ့သည်ဟုသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here