မန်ဆာချူးဆက်၌ ‌မိုးပေါ်မှရေခဲတုံးကြီးပြုတ်ကျ၊အိမ်တစ်လုံးပျက်စီး

0
451

မန်ဆာချူးဆက်ပြည်နယ်၌ ကောင်းကင်မှရေခဲတုံးကြီးတစ်တုံးပြုတ်ကျလာသဖြင့် အိမ်တစ်အိမ်၏ခေါင်မိုးပျက်စီးသွားကြောင်း အိမ်ပိုင်ရှင်များကပြောကြားခဲ့သည်။

၎င်းရေခဲတုံးသည် ဘော်စတွန်လော်ဂန်လေဆိပ်သို့သွားသည့်လေယာဉ်ပေါ်မှ ပြုတ်ကျခြင်းဖြစ်နိုင်ကြောင်း အဆိုပါအိမ်ပိုင်ရှင်ဇနီးမောင်နှံကပြောကြားခဲ့သည်။

အိမ်အမိုးပျက်စီးသွားသော်လည်း အိမ်ရှင်ဇနီးမောင်နှံနှင့် ၎င်းတို့ကလေးနှစ်ဦးအားထိခိုက်ဒဏ်ရာရခဲ့ခြင်းမျိုးမရှိကြောင်းလည်းသိရသည်။ရေခဲတုံးသည် ၆ ကီလိုနှင့် ၉ ကီလိုကြားအလေးချိန်ရှိသည်ဟုလည်းအိမိရှင်အမျိုးသားကပြောကြားခဲ့သည်။

ယခုဖြစ်စဉ်အတွက် တာဝန်ရှိသူများကစုံစမ်းနေဆဲဖြစ်ကြောင်းပြောကြားခဲ့သည်။အိမိခေါင်မိုးပျက်စီးမှုသည် အပြင်ဘက်မှကြည့်လျှင် ၁၈ လက်မခန့်သာရှိသော်လည်း အိမ်အတွင်းပိုင်း၌မူ ယင်းပမာဏထက်ပိုကြီးသည်ဟုလည်း၎င်းကဆိုခဲ့သည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here