ဘင်္ဂလားဒေ့ရှ် – တရုတ် – အိန္ဒိယ – မြန်မာ လေးနိုင်ငံ ခိုင်မာသည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် BCIM Business Council Meeting ကျင်းပ

0
461

ဘင်္ဂလားဒေ့ရှ် – တရုတ် – အိန္ဒိယ – မြန်မာနိုင်ငံတို့ ခိုင်မာသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် နည်းလမ်းအသစ်များကို ရှာဖွေနိုင်ရန် BCIM Business Council Meeting ကျင်းပခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

အဆိုပါ အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ စက်မှုကဏ္ဍတိုးတက်မှုနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ အိန္ဒိယ၏ အားလုံးပါဝင်နိုင်သော စီးပွားရေးနှင့် ဝန်ဆောင်မှုကဏ္ဍတက်ကြွမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တိုးတက်သော လုပ်သားအင်အားစု ပါဝင်သော ထုတ်လုပ်မှုကဏ္ဍ၊ မြန်မာနိုင်ငံ၏ ခိုင်မာသော လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝမှု စသည်ဖြင့် BCIM နိုင်ငံများနှင့် စီးပွားရေးပေါင်းစည်းမှု၏ အကျိုးရလဒ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် BCIM နိုင်ငံများအကြား နယ်စပ်ကုန်သွယ်ရေးသည် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအတွက် အရေးကြီးသော လမ်းကြောင်းတစ်ခုဖြစ်ပြီး အကောက်ခွန် လုပ်ငန်းစဉ်များကို ရိုးရှင်းစေရေး၊ အခြေခံအဆောက်အဦ အရည်အသွေးမြှင့်တင်နိုင်ရေး၊ ကောင်းမွန်သော ကုန်သွယ်မှုဝန်းကျင် ဖန်တီးပေးနိုင်ရေးနှင့် ရေရှည်တည်တံ့သော စီးပွားရေး မိတ်ဖက်များ တည်ဆောက်နိုင်ရေးစသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

အစည်းအဝေးသို့ Bilateral Cooperation Department of the China Chamber of international Commerce မှ ဒုဥက္ကဋ္ဌMr.Xu Jinli၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှ ကုန်သည်စက်မှု အသင်းချုပ်များမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတို့မှ တက်ရောက်ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here