မြန်မာနိုင်ငံမှ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းအပါအဝင် ကုမ္ပဏီအသင်းအဖွဲ့ ၄ ခုနှင့်တရုတ်နိုင်ငံမှ ကုမ္ပဏီ ၄ ခုတို့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်များရေးထိုး

0
585

မြန်မာနိုင်ငံမှ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းအပါအဝင် ကုမ္ပဏီအသင်းအဖွဲ့ ၄ ခုနှင့်တရုတ်နိုင်ငံမှ ကုမ္ပဏီ ၄ ခုတို့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုလက်မှတ်များအား သြဂုတ် ၂၀ ရက်က ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံမှ ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ AJ Myanmar၊ Good Brother Group Co. ,Ltd၊ Global Earth Agro and Aqua International Co.,Ltd တို့နှင့်တရုတ်နိုင်ငံ၊ကူမင်းမြို့၊ချုံချင့်မြို့နှင့်ကွမ်ရှီးပြည်နယ်၊သုံးရှင်းမြို့တို့အခြေစိုက် ကုမ္ပဏီ ၄ ခုတို့ သဘောတူညီမှုလက်မှတ်များအား ဂုဏ်ထူးဆောင်နိုင်ငံပြခန်း၌ ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုလက်မှတ်များအရ ပို့ကုန်/သွင်းကုန်လုပ်ငန်း၊ကုန် စည်ဖြန့်ဖြူးရေး၊လယ်ယာထွက်ကုန်၊ရေထွက်ပစ္စည်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်သည်။

ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ AJ Myanmar၊ Good Brother Group Co. ,Ltd၊ Global Earth Agro and Aqua International Co.,Ltd တို့သည် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center တွင်ပြုလုပ်နေသည့် (၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ နှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း)ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲတွင် ပါဝင်ပြသခဲ့ကြသည်။

ယင်း ပြပွဲများ၌ မြန်မာနိုင်ငံမှကုမ္ပဏီ၊အသင်းအဖွဲ့များက မြန်မာ့ထုတ်ကုန်များဖြစ်သည့် ကော်ဖီ၊လက်ဖက်စို၊လက်ဖ‌က်ခြောက်၊ဆီးဖျော်ရည်နှင့်စားသောက်ကုန်များကို မိတ်ဆက်ကျွေးမွေး၍ ဈေးကွက်ရရှိရေး ဆောင်ရွက်ခဲ့ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့်မြန်မာ့ခရီးသွားနေရာများပြခန်းကိုလည်း ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here