ဇလွန်တွင် သြဂုတ် ၂၀ ရက်က အမြင့်ဆုံးအပူချိန် ၃၅ ဒသမ ၀ ဒီဂရီစင်တီဂရိတ်ဖြင့် အမြင့်ဆုံးအပူ ချိန် စံချိန်သစ်တင်ခဲ့

0
330

ဧရာဝတီတိုင်း၊ဇလွန်စခန်း၏ တိုင်းထွာချက်အရ သြဂုတ် ၂၀ ရက်က အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း သြဂုတ် ၂၁ ရက်(ယနေ့)တွင် ထုတ်ပြန်ခဲ့သည်။

တိုင်းထွာချက်များအရ အမြင့်ဆုံးအပူချိန် စံချိန်သစ်သည် ၃၅ ဒသမ ၀ ဒီဂရီစင်တီဂရိတ်၊ ၉၅ ဒသမ ၀ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး ၂၀၁၆ ခုနှစ်၊သြဂုတ် ၂၂ ရက်ကတင်ခဲ့သည့် အမြင့်ဆုံးအပူချိန်ထက်ကျော်လွန်သွားခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၊သြဂုတ် ၂၂ ရက်က အမြင့်ဆုံးအပူချိန်စံချိန်မှာ ၃၄ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်၊ ၉၄ ဒသမ ၁ ဒီဂရီ ဖာရင်ဟိုက်ရှိခဲ့၍ ယခုနှစ်၏ အမြင့်ဆုံးအပူချိန် စံချိန်သစ်မှာ ဇလွန်စခန်းစတင်ဖွင့်လှစ်သည့်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း ၃၄ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here