မန္တလေးတွင် ဘုန်းကြီးကျောင်းတစ်ကျောင်း အုတ်တံတိုင်းနံဘေး၌ အဘွားအိုတစ်ဦး လဲကျသေဆုံးမှုဖြစ်ပွား

0
287

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဘုံပျံတောရကျောင်း အုတ်တံတိုင်းဘေးတွင် အဘွားအို တစ်ဦး လဲကျသေဆုံးမှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း လောကပါလ လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယနေ့ ဩဂုတ် (၂၁) ရက် နံနက်ပိုင်းတွင် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းပေါ်ရှိ ဆွေမျိုးတော်စပ်သူ ဦးဇင်းရှိသည့် ဘုံပျံတောရ ဘုန်းကြီးကျောင်းသို့ လာရောက်သည့် အသက် (၇၀) အရွယ်ရှိ အဘွားအိုသည် ဘုန်းကြီးကျောင်း အုတ်တံတိုင်းဘေးတွင် လဲကျကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“မနက် (၈) နာရီလောက်ပဲ ရှိမယ်ထင်တယ်။ အသက်ရှိသေးတယ်ဆိုပြီး ပြောလို့သွားကြည့်တာ၊ ရောက်တော့ အသက်မရှိတော့ဘူး။ တစ်ခါတည်း သဂြိုလ်လိုက်တာ” ဟု လောကပါလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တ စ်ဦးက ပြောသည်။

လဲကျသေဆုံးခဲ့သည့် အဘွားအိုမှာ အသက် ၇၀ နှစ်အရွယ်ခန့်ရှိပြီး ၎င်းအနီးတွင် ပလက်စတစ်အဖြူအိတ် တစ်လုံး၊ အဝါရောင်အိတ်တစ်လုံးနှင့် သပြေပန်းတစ်စီးတို့ကို ပုံအရ တွေ့ရှိရသည်။

အဆိုပါ ဘုန်းကြီးကျောင်း အုတ်တံတိုင်းဘေး လဲကျသေ ဆုံးခဲ့ရသည့် အဘွားအို မိသားစုဝင်များကို စုံစမ်းပြီး မိသားစုဝင်ဘုန်းကြီး ဆန္ဒအရ တောင်အင်းမြောင်အင်းသုသာန်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here