မြန်မာ ယူ ၂၃ အသင်း ဘရူနိုင်းအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ

0
291

၂၀၂၃ အာဆီယံယူ ၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (က) ၏ နောက်ဆုံးပွဲစဥ်အဖြစ် မြန်မာယူ ၂၃ အသင်းနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ယ‌နေ့ ညနေ ၇ နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးတွင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအပြီးတွင် ၄ ဂိုး ၁ ဂိုးရလဒ်ဖြင့် မြန်မာအသင်းက အနိုင်ရရှိခဲ့သည်။

မြန်မာယူ-၂၃ အသင်းသည် အာဆီယံ ချန်ပီယံရှစ် အုပ်စု (က) တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း အသင်းတို့နှင့် ကျရောက်ခဲ့ပြီး ပွဲစဥ်အားလုံးယှဥ်ပြိုင်အပြီးတွင် ထိုင်းအသင်းက ရမှတ် ၉ မှတ်ဖြင့် ဆီမီးဖိုင်နယ်သို့တက်ရောက်သွားကာ ကျန်အသင်းများမှာ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်လိုက်ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here