၂၀၂၃-၂၀၂၆ ခုနှစ်သက်တမ်းအတွက် အမှု ဆောင်ဒါရိုက်တာအဖွဲ့သစ်ရွေးချယ်တင်မြှောက်မည်

0
220

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ ၂၀၂၃- ၂၀၂၆ ခုနှစ်သက်တမ်းအတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့သစ်ရွေးချယ်တင် မြှောက်သွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှု ဆောင်/အလုပ်အမှုဆောင်အဖွဲ့ မြန်မာနိုင်ငံလူ ငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အဆိုပါ အမှုဆောင်ဒါရိုက်တာအဖွဲ့သစ်ရွေးချယ်တင်မြှောက်ခြင်းနှင့်အသင်း၏ အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်း အဝေးအား စက်တင်ဘာ ၂၃ ရက်တွင်ကျင်းပသွားမည် ဖြစ်ပါသည်။

အမှုဆောင်ဒါရိုက်တာအဖွဲ့သစ်ရွေးချယ်တင်မြှောက်ရာတွင် အဖွဲ့သစ်သက်တမ်းအတွက် ၂၀၂၃ ခုနှစ်၊စက်တင်ဘာ ၁၄ ရက်အထိ နှစ်စဉ် ကြေးပေးသွင်းပြီး အသင်းဝင်သက်တမ်း(၁)နှစ်ပြည့်ပြီးသော သာမန်အသင်းသားများပါဝင် လျှောက်ထားနိုင်ကြောင်း သိရသည်။

ထို့ပြင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင် ရွက်လိုသူများအနေဖြင့်လည်း ကိုယ်တိုင်ဆန္ဒပြုလွှာများကို အသင်းရုံးသို့ စက်တင်ဘာ ၁၃ ရက်ညနေ ၄ နာရီနောက်ဆုံးထား၍ပေးပို့ရမည်ဖြစ်ကာ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်သစ်ရွေးချယ်ပွဲတွင် သက်တမ်းရှိသာမန်အသင်းသားများ ဆန္ဒမဲပေးရန်လည်းဖိတ်ခေါ်ခဲ့သည်။

၂၀၂၃-၂၀၂၆ ခုနှစ်သက်တမ်းအတွက် အမှုဆောင်ဒါရိုက်တာရွေးချယ်တင်မြှောက်ပွဲအတွက် ကိုယ်တိုင်ဆန္ဒပြုလွှာများကို ဩဂုတ် ၂၀ ရက်တွင် Email ဖြင့်ပေးပို့မည်ဖြစ်ပြီး အသင်းသားများအနေဖြင့် လက်ခံရရှိခြင်းမရှိပါက အသင်းရုံး ဖုန်း ဝ၁-၂၃ဝ၁၈၆၇၊ ၀၉-၇၆၅ဝဝဝ၆၄၉ တို့သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here