ဩစတြေးလျ၏အကြီးဆုံးစစ်သင်္ဘော ဖိလစ်ပိုင်နှင့်အမေရိကတို့၏စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်လာ

0
236

မနီလာ၊ဩဂုတ် ၂၁

တရုတ်၏စစ်အင်အားတောင့်တင်းလာမှုမှ ကာကွယ်ရေးကို မြှင့်တင်ရန်ကြိုးပမ်းသည့်အနေဖြင့် အငြင်းပွားနေသည့်တောင်တရုတ်ပင်လယ်၌ပြုလုပ်နေသော ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ ဩစတြေးလျ၏အကြီးဆုံးစစ်သင်္ဘောလည်းပါဝင်လာကြောင်းသိရသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်၏ပိုင်နက်အားလုံးနီးပါးမှာ ၎င်း၏အပိုင်ဖြစ်သည်ဟုဆိုထားသော်လည်း နိုင်ငံတကာက၎င်း၏ပြောဆိုမှုသည်တရားမဝင်ကြောင်းပြောကြားခဲ့သည်။

ယင်းနောက်တရုတ်နိုင်ငံသည် ကမ်းခြေစောင့်တပ်၊ ရေတပ်နှင့် အခြားသင်္ဘောများအား ရာနှင့်ချီကာ တောင်တရုတ်ပင်လယ်ပြင်ကို ကင်းလှည့်ရန်နှင့် စစ်ရေးတင်းကြပ်ရန်တပ်ဖြန့်ထားကြောင်းလည်းသိရသည်။

သြစတြေးလျနှင့်ဖိလစ်ပိုင်တို့မှ တပ်ဖွဲ့ဝင် ၂,၀၀၀ ကျော်သည် သြဂုတ်လ ၁၄ ရက်မှ ၃၁ ရက်အထိ လေကြောင်း၊ရေကြောင်းနှင့် မြေပြင်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လျက်ရှိပြီး အမေရိကန်မရိန်းတပ်သား ၁၅၀ ခန့်လည်းပါဝင်ကြောင်းသိရသည်။

အမေရိက၊ဂျပန်နှင့်သြစတြေးလျတို့သည်လည်း ဖိလစ်ပိုင်နိုင်ငံအနီးတွင် ပူးတွဲရေတပ်လေ့ကျင့်မှုကို ယခုသီတင်းပတ်အတွင်းထပ်မံပြုလုပ်ဦးမည်ဖြစ်သည်ဟုလည်းဆိုသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here