နစက ၏ရည်မှန်းချက်မှာ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်ပြည့်စုံစွာကျင်းပနိုင်ရေးဖြစ်

0
325

ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် နစက၏ရည်မှန်းချက်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သြဂုတ် ၂၂ ရက်(ယနေ့)မွန်းလွဲ ၂ နာရီက နေပြည်တော်၌ ကျင်းပသည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးအတွက် လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်ပြည့်စုံစွာကျင်းပနိုင်ရေးပဲဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ကြောင့် နစက ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်၏ ပထမအချက်တွင် ထည့်သွင်းသတ်မှတ်ထားကာ ရွေးကောက်ပွဲတစ်ရပ်ကျင်းပရာ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းရင်းသားပြည်သူအားလုံး ပါဝင်ခွင့်ရရှိရေးမှာအရေးကြီးသည်ဟု ပြောသည်။

“ရွေးကောက်ပွဲကျင်းပချိန်မှာ မဲဆန္ဒရှင်ပြည်သူအားလုံး အကြောက်တရားကင်းခြင်း၊ဖိအားကင်းခြင်းနဲ့ကိုယ်ရွေးချယ်လိုတဲ့ ကိုယ်စားလှယ်လောင်းနဲ့ပါတီကို ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အဆိုပါ အခြေအနေကောင်းများဖြစ်ပေါ်လာစေရန် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ပြည့်စုံစွာကျင်းပနိုင်ရေးအား နစက မှရှေ့လုပ်ငန်းစဥ် (၅)ရပ်၏ ပထမအချက်၌ထည့်သွင်းထားခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် တစ်နိုင်ငံလုံးအနေဖြင့် မှတ်ပုံတင်ထားသည့် ပါတီ ၃၆ ပါတီရှိကာ ယင်းအနက် ၆ ပါတီမှာ ပါတီအသစ်များဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့်ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီမှာ ၇ ပါတီရှိကြောင်း သိရသည်။

Photo -Myanmar Digital News


LEAVE A REPLY

Please enter your comment!
Please enter your name here