မက္ကဆီကို ကြက်တောင်မယ်ကို အနိုင်ရခဲ့သည့် သက်ထားသူဇာ

0
242

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မက္ကဆီကို ကြက်တောင်မယ်ကို ၂ ပွဲဆက်အနိုင်ရခဲ့ကြောင်း သိရသည်။

သက်ထားသူဇာသည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် ဩဂုတ်လ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပကျင်းပနေသည့် TOTALENERGIES BWF WORLD CHAMPIONSHIPS 2023 တွင် ၀င်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၆၁) ရှိ သက်ထားသူဇာသည် (၆၄) ဦးအဆင့်တွင် ကမ္ဘာ့အဆင့် (၉၀) ရှိ မက္ကစီကိုနိုင်ငံသူ Haramara GAITAN နှင့် စတင်ယှဉ်ပြိုင်ကစားရာ ၂၁ မှတ် ၁၃ မှတ် ၂၁ မှတ် ၁၉ ဖြင့် ၂ ပွဲဆက်အနိုင်ရပြီး (၃၂) ဦးအဆင့်သို့ တက်ရောက်သွားခဲ့သည်။

သက်ထားသူဇာသည် (၃၂) ဦးအဆင့်တွင် ကမ္ဘာ့အဆင့် (၁၄) ရှိ ကနေဒါနိုင်ငံသူ Michelle Li နှင့် ခခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဦးမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here