ပဲနွယ်ကုန်းမြို့အနီးရှိ လျှပ်စစ်တာဝါတိုင် ၂ တိုင် မိုင်းခွဲဖျက်ဆီးခံခဲ့ရ

0
171

ပဲခူးတိုင်း၊ပဲနွယ်ကုန်းမြို့အနီးရှိ တောင်ငူ-သာယာကုန်းသွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင် ၂ တိုင် သြဂုတ် ၂၁ ရက်ည ၉ နာရီကျော်ခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ညက လက်နက်ကိုင်အဖွဲ့ဝင်များသည် ပဲနွယ်ကုန်းမြို့၊သဲဖြူရွာသစ်ကျေးရွာအနီးရှိ 230 KV တောင်ငူ-သာယာကုန်းသွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းတိုင်အချို့အား မိုင်းခွဲ ဖျက်စီးခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် တာဝါတိုင်အမှတ်(၂၂၂)နှင့်(၂၂၃) တို့မှာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ လုံခြုံရေးအဖွဲ့ဝင်များနှင့်လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ပြင်ဆင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်များမှလည်း ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here