အဓိကက မြန်မာပြည်မှာ Quality လိုတာပါ ဘေဘီမောင်

0
430

img_1301အောက်တိုဘာလ ၁၃ ရက်နေ့ မှာ ကျရောက်တဲ့ ၉၆ နှစ်မြောက် မြန်မာ့ ရုပ်ရှင်နေ့ နဲ့ ၅၃ ကြိမ်မြောက် ရုပ်ရှင် သက်ကြီး ပူဇော်ပွဲကို ဘေဘီမောင် လည်း လာရောက် ကန်တော့ခဲ့ပြီး သက်ကြီး ရွယ်အိုတွေကို ချစ်လို့ လာ ကန်တော့တာပါ လို့လည်း သူက ပြောပါ တယ်။

“ဘေဘီမောင်က အသက်ကြီး ရွယ်အို အဘိုးအဘွား တွေဆို တအား ချစ်တယ်။ လမ်းမှာ တွေ့တဲ့ ချို့တဲ့ အဘိုး အ ဘွားတွေဆို ဘေဘီမောင် မှာပါရင် ပါသလောက် ပေးခဲ့တယ်။ အဘိုး အဘွားတွေ ကြည့်ချင်လို့ ဒီပွဲကို တက်ရောက်လာ တာပါ။ ကိုယ်မမီ လိုက် တဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီး၊ လူကြမ်း တွေကို ချစ်လို့လာ ကန်တော့တာပါ”လို့ ပြောပါတယ်။

အခု လတ်တ လော အွန်လိုင်းမှာ ခေတ်စားနေတဲ့ “မြန်မာပေါကားများရပ်” အကြောင်းကို မေးဖြစ် တဲ့အခါ အနုပညာရှင် တစ် ယောက် အနေ နဲ့ အကောင်း ဆုံးဖြစ်အောင် ကိုယ့်ဘက်က ကြိုးစားဖို့ပဲ ရှိတယ်လို့ ပြောခဲ့ပါ တယ်။

“အခု လတ်တလောမှာ မြန်မာ ပေါကားတွေ ရပ်ဆိုပြီး အွန်လိုင်းမှာ နာမည်ကျော် နေတာလေးကို ဘေဘီ မောင် ကြားပါတယ်။ ဒါ ကတော့ မြန်မာနိုင်ငံမှာ မြန်မာလူမျိုး ရိုက်ကူးမှရမှာ ပေါ့။ သူများ နိုင်ငံလို ရိုက်ကူးလို့ မရ တာတွေရှိတယ်။ အဓိကက မြန်မာ ပြည်မှာ quality လိုတာပါ။ ဒါ ကြောင့် ဘယ်သူကိုမှ အပြစ်ပြော လို့မရဘူး။ တချို့ကတော့ ကိုယ့် နိုင်ငံကို ကမ္ဘာ့စံချိန် ဖြစ်ချင်တဲ့ အခါ ကျတော့ ကောင်းတာလေးတွေ ဖြစ်စေချင်လို့ ပြောတယ်။ တချို့ ကတော့ တစ်မျိုးပေါ့။ အဓိကက ကိုယ့် အလုပ်ကို ကိုယ်အကောင်းဆုံး ကြိုးစားရင် အရာအားလုံး အဆင် ပြေသွားမှာပါ”လို့ ပြောပါတယ်။

ဘေဘီမောင်က အခုလတ်တ လောမှာ “ဝုန်းပစ်လိုက်မယ်” ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးနေတာဖြစ်ပြီး နိုဝင်ဘာလမှာ ဟာသ ရုပ်ရှင်ဇာတ် ကားတွေမှာ ပါဝင် ရိုက်ကူးဖို့ရှိ ကြောင်း သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here