ဂျပန်တွင် ကျင်းပမည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ ယှဥ်ပြိုင်ရန် မြန်မာ ယူ-၁၂ အသင်း ထွက်ခွာ

0
259

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် ၁၁ ကြိမ်မြောက် U 12 Junior Soccer World Challenge 2023 ပြိုင်ပွဲယှဥ်ပြိုင်ရန် ယနေ့ ဩဂုတ်လ ၂၂ ရက်ညနေပိုင်းက ဂျပန်နိုင်ငံ၊ ချီဘားမြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် ၂၄ မှ ၂၇ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး AYA Bank မှ ပံ့ပိုးကူညီမှုဖြင့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲ ၀င်ရောက်ယှဥ်ပြိုင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် အုပ်စုအဖွင့် ပွဲစဥ်အဖြစ် ဩဂုတ်လ ၂၄ ရက် (‌‌ဒေသ စံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် ဘာစီလိုနာအသင်း၊ အုပ်စုဒုတိယပွဲစဥ် အဖြစ် ယင်းနေ့ (ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၃၀ မိနစ်၊ မြန်မာ စံတော်ချိန် ညနေ ၃ နာရီတွင် Daiwa House Dream အသင်း၊ အုပ်စု နောက်ဆုံးပွဲစဥ်အဖြစ် ဩဂုတ်လ ၂၅ ရက်(‌‌ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၅ မိနစ် ၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် JEF United Chiba U-12 အသင်းများနှင့် ယှဥ်ပြိုင် ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းတွင် အုပ်ချုပ်/နည်းပြ (၇)ဦး၊ ကစားသမား (၁၈) ဦး စုစုပေါင်း (၂၅) ဦး လိုက်ပါသွားပြီး အုပ်ချုပ်/ နည်းပြ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဦးမင်းလှိုင် (အသင်း အုပ်ချုပ်သူ)
၂။ ဦးမိုးသွင်ထွန်း (အသင်း အတွင်းရေးမှူး)
၃။ ဦးအောင်ကျော်ဇံ (အသင်း နည်းပြချုပ်)
၄။ ဦးကျော်ဇော (လက်ထောက် နည်းပြ)
၅။ ဦးကျော်မင်းမင်းနိုင် (လက်ထောက် နည်းပြ)
၆။ ဒေါက်တာ ဖြိုးသက်လှိုင်၀င်း (အသင်း ဆရာ၀န်)
၇။ ဦးဇော်မျိုးနိုင် (အသင်း ပြန်ကြားရေး)

မြန်မာ ယူ ၁၂ အသင်း ကစားသမား စာရင်း
…………………………………………………………

(ဂိုး)
၁။ လရောင်လင်း (ရန်ကုန် အကယ်ဒမီ)
၂။ ဘုန်းထွန်းခန့် (ရန်ကုန်)

(နောက်တန်း)
၃။ မင်းဘုန်းသစ် (ပုသိမ် အကယ်ဒမီ)
၄။ မြင့်မြတ်သူ (ပုသိမ် အကယ်ဒမီ)
၅။ ရှင်းပြည့်ကျော် (မကွေး)
၆။ စိုင်းခမ်စိုး (မန္တလေး အကယ်ဒမီ)
၇။ ‌‌‌‌ဝေယံဦး (နေပြည်တော်)
၈။ နေဇင်မင်း (ရန်ကုန် အကယ်ဒမီ)
၉။ ပရင့်ဒိုဒိုလျန်တောင်း (မြောက်ဒဂုံ)

(အလယ်တန်း)
၁၀။ ခွန်မောင်ဘွေ (မြောက်ဥက္ကလာပ)
၁၁။ ဇင်မင်းမြတ်သူ (ပြင်ဦးလွင်)
၁၂။ အောင်လ (မန္တလေး အကယ်ဒမီ)
၁၃။ နေယံထွဋ် (စစ်ကိုင်း)
၁၄။ ရှိုင်း၀င်းထွဋ် (ရန်ကုန် အကယ်ဒမီ)

(ရှေ့တန်း)
၁၅။ တေဇာဖြိုး (ရန်ကုန် အကယ်ဒမီ)
၁၆။ ခွန်‌ဝေဖြိုး (မန္တလေး အကယ်ဒမီ)
၁၇။ အံ့မင်းမြတ် (ရန်ကုန် အကယ်ဒမီ)
၁၈။ ခိုင်မြဲခန့် (ပုသိမ် အကယ်ဒမီ)


LEAVE A REPLY

Please enter your comment!
Please enter your name here