ကျောက်တံခါးမြို့နယ်တွင် ဂျပန်နိုင်ငံမှ ဖောက်လုပ်ပေးနေဆဲဖြစ်သည့် ရထားလမ်းမိုင်းခွဲဖျက်ဆီးခံရ

0
334

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ဂျပန်နိုင်ငံမှ တာ ဝန်ယူဖောက်လုပ်ပေးနေဆဲဖြစ်သည့် ရထားလမ်းပိုင်းအား လက်နက်ကိုင်အဖွဲ့ဝင်များမှ ယနေ့ သြဂုတ် (၂၂) ရက်နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသ ည်။

ယနေ့ နံနက် (၈) နာရီခွဲကျော်ခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံမှ ဖောက်လုပ်ပေးဆဲဖြစ်သည့် ပဲခူး တိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နှင့်တောကျွဲအင်းကြား ရန်ကုန် – မန္တလေး ရထားလမ်း၏ မိုင်တိုင် ၁၁ ၇/၈ နှင့် ၁၁၇/၉ ကြားရှိ ရထားသံလမ်းအား မိုင်းခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

“ဒီနေ့ မိုင်းခွဲဖျက်ဆီးခံရတဲ့ ရထားသံလမ်းက လုပ် ဆော င်နေဆဲရထားလမ်းပါ လက်ရှိပြေးဆွဲနေတဲ့ ရန်ကုန် – မန္တ လေး ရထားလမ်းပိုင်းနဲ့ မျဥ်းပြိုင်ရှိနေတာပါ။ ဂျပန်နိုင်ငံက ဖောက်လုပ်ပေးနေတာပါ ပျက်စီးမှုတွေရှိတယ်။ လူထိခိုက်တာမရှိပါဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် မီးရထားသံလမ်းနှစ်ဖက်လုံးတွင် ၁၆ ပေခန့်နှင့် ရထားလမ်းသုံး ဇလီ ဖားတုံး(၆)တုံးပျက်စီးခဲ့သဖြင့် ပြန်လည်ပြင်ဆင်ရန်ဆောင်ရွက်လျက်ရှိကာ လုံခြုံရေးအဖွဲ့ဝင်များမှလည်း ပြစ်မှုကျူးလွန်သူ များအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here