မန္တလေး အမရပူရတွင်နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား၊ ၃ ဦးသေဆုံးခဲ့

0
315

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊တောင်သမန်ကျေးရွာအုပ်စု၊အိုးဘိုကျေးရွာရှိ နေအိမ်တစ်လုံးတွင် သြဂုတ် ၂၂ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၀ နာရီ ၅၂ မိနစ်ခန့်က အမရပူရမြို့ နယ်၊တောင်သမန်ကျေးရွာအုပ်စု၊အိုးဘိုကျေးရွာရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ အမရပူရမြို့နယ်မီးသတ်စခန်း၊မန္တလေးခရိုင်မီးသတ်စခန်း၊ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

“မီးလောင်တဲ့အိမ်က တိုက်ခံအိမ်ပါ ရတနာပုံတက္ကသိုလ်အနားမှာရှိတာ မီးလောင်မှုဖြစ်စဥ်မှာ မီးလောင်သေဆုံးသူ ၃ ယောက်ရဲ့ရုပ်အလောင်းတွေကိုတွေ့ရှိခဲ့ရပါတယ် မီးလောင်မှုကို နာရီဝက်နီးပါးလောက်ဝိုင်းငြှိမ်းခဲ့ရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၁ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး နေ အိမ်မှ အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦးတို့မှာ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသွားခဲ့ကာ မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(မန္တလေးတိုင်းရုံး)


LEAVE A REPLY

Please enter your comment!
Please enter your name here