သြဂုတ်လအတွင်း ၅ ကြိမ်မြောက်အဖြစ် မြန်မာအလုပ်သမားများအား ကိုရီးယားနိုင်ငံသို့ ယနေ့ထပ်မံစေလွှတ် ၇၁၇ ဦးရှိပြီဖြစ်

0
165

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သမားများအား ကိုရီးယားနိုင်ငံသို့စေလွှတ်လျက်ရှိရာ သြဂုတ်လအတွင်း ၅ ကြိမ်မြောက်အဖြစ် သြဂုတ် ၂၃ ရက်(ယနေ့)တွင်လည်း ထပ်မံစေလွှတ်ခဲ့ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဆိုးလ်မြို့မှ သိရသည်။

ယနေ့တွင် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာကုန်ထုတ်လုပ်သားသစ် ၁၄၇ ဦးသည် ရန်ကုန်လေဆိပ်မှအင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့ပြင် သြဂုတ် ၂၂ ရက်ကလည်း ကုန်ထုတ်လုပ်သားသစ် ၁၄၂ ဦး၊ သြဂုတ် ၈ ရက်က ကုန်ထုတ်လုပ်သားသစ် ၁၄၂ ဦး၊ သြဂုတ် ၂ ရက်က ကုန်ထုတ်လုပ်သားသစ် ၉၇ ဦး၊စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ် ၅၀ ဦး(စုစုပေါင်း ၁၄၇ ဦး)၊ သြဂုတ် ၁ ရက်က ကုန်ထုတ်လုပ်သားသစ် ၁၃၉ ဦးတို့သည်လည်း ကိုရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။

ကိုရီးယားနိုင်ငံ၊အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအား မြန်မာသံရုံး၊ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားကာလိုအပ်သည်များကိုကူညီပံ့ပိုးပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here