မိုခါမုန်တိုင်းအတွက် ပြည်တွင်းပြည်ပအလှုရှင်များမှ ပေးပို့လှူဒါန်းမှု ကျပ် ၃၃ ဘီလျံကျော်နှင့် ဒေါ်လာ ၇ သိန်းခွဲကျော် ရရှိထား

0
211

မေလ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါဘေးဒဏ်ခံ ပြည်သူများအတွက် ပြည်တွင်းပြည်ပအလှူရှင်များမှ ပေးပို့လှူဒါန်းမှု ကျပ် ၃၃ ဘီလျံကျော်နှင့် ဒေါ်လာ ၇ သိန်းခွဲကျော် ရရှိခဲ့ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလှူငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေစာရင်းများသို့လည်းကောင်း၊ မိုဘိုင်းစနစ်ဖြင့် (KBZ pay ၊ AYA Pay ၊ CB Pay ၊ UAB Pay ၊ OK dollar ၊ Citizen Pay၊ Wave Money) တို့ဖြင့်လည်းကောင်း ပြည်တွင်း၊ ပြည်ပ နိုင်ငံအစိုးရများအလှူရှင်များက လွှဲပြောင်းလှူဒါန်းခြင်း၊ သက်ဆိုင်ရာဌာနများသို့ လူကိုယ်တိုင်ရောက်ရှိ လှူဒါန်းခြင်းဖြင့်လည်းကောင်း လှူဒါန်းခဲ့ရာ ဩဂုတ် ၂၁ ရက်နေ့အထိ မြန်မာငွေကျပ် ၃၃ ဘီလျံကျော်နှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၇၅၆,၇၁၄ ဒသမ ၆၂ ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းမိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ပျက်စီးမှု ၈၀ ရာခိုင်နှုန်းကျော် ဖြစ်ပွားခဲ့ပြီးရခိုင်ပြည်နယ်သည် ခရိုင်ခုနစ်ခုနှင့် ၁၇ မြို့နယ်တွင် ထိခိုက်မှု ၁ ဒသမ ၂ သန်းခန့်ရှိပြီး အဆိုးရွားဆုံး ထိခိုက်မှုဖြစ်ခဲ့ကြောင်း၊ဆိုင်ကလုန်းမုန်တိုင်းသည် နိုင်ငံအနောက်နှင့် အနောက်မြောက်ဘက်ရှိ ပြည်နယ်/တိုင်းဒေသကြီးငါးခုတွင် သိသိသာသာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပြီး ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ချင်းပြည်နယ်တို့ဖြစ်ကြောင်းသိရသည်။

မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလျံ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ကမ္ဘာဘဏ်နှင့် GRADE အဖွဲ့က ပြောကြားထားပြီး ပျက်စီးဆုံးရှုံးမှုအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here