အမေရိကန်ကုန်သွယ်ရေးဝန်ကြီး နောက်အပတ်တွင်တရုတ်သို့ဆွေးနွေးရန်သွားမည်

0
211

ပေကျင်း၊ဩဂုတ် ၂၃

အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဂီနာရေမွန်ဒို သည် လာမည့်သီတင်းပတ်တွင် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ပေကျင်းနှင့်ဝါရှင်တန်တို့က သြဂုတ် ၂၂ ရက်တွင်ပြောကြားခဲ့ပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများကြား တင်းမာမှုများကိုဖြေလျှော့ရန်အတွက် မကြာသေးမီလများအတွင်း အမေရိကန်အရာရှိအချို့ကိုစေလွှတ်လိုက်ခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဝါရှင်တန်ကမူ ၎င်းအနေဖြင့် ပေကျင်းနှင့်၎င်းတို့အကြားအေးခဲနေသောဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန်ကြိုးပမ်းနေကြောင်းပြောကြားခဲ့ပြီး အမေရိက နှင့်တရုတ်တို့သည် ကုန်သွယ်ရေး၊လူ့အခွင့်အရေးနှင့်ထိုင်ဝမ်အရေးများကြောင့် အဆင်မပြေဖြစ်နေခဲ့ကြခြင်းလည်းဖြစ်သည်။

“ရေမွန်ဒိုသည် အမေရိက – တရုတ် ကူးသန်းရောင်းဝယ်ရေး နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊အမေရိကန်စီးပွားရေးလုပ်ငန်းများက ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြေရှိသော နယ်ပယ်များအတွက် အပြုသဘောဆောင်သောဆွေးနွေးမှုများကို ပြုလုပ်ဖို့မျှော်လင့်ပါတယ်” ဟု အမေရိကန်ကုန်သွယ်ရေးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၎င်းသည် သြဂုတ် ၂၇ ရက်မှ ၃၀ ရက်အထိ ပေကျင်းနှင့်ရှန်ဟိုင်းသို့ သွားမည်ဖြစ်ကြောင်း ဝါရှင်တန်ကပြောကြားခဲ့သည်။

ယခုခရီးစဉ်သည် ပြဿနာများစွာကြောင့်တင်းမာနေရသည့် ဝါရှင်တန်နှင့်ပေကျင်းကြားဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန်အတွက် သမ္မတရှီနှင့်သမ္မတဘိုင်ဒင်တို့၏ဘာလီ၌တွေ့ဆုံမှုမှဖြစ်ပေါ်လာသော သဘောတူညီမှုအပေါ်မူတည်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here