အွန်လိုင်း လောင်းကစားနှင့် လိမ်လည်မှု လုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား (၂) ဦးကို မြန်မာရဲကဖမ်းဆီးပြီး တရုတ်ထံပြန်အပ်နှံ

0
222

မြန်မာနိုင်ငံအတွင်း၌ နေထိုင်ကာ ဆက်သွယ်ရေး နည်းပညာအသုံးပြု၍ ငွေကြေးလိမ်လည်မှုကျူးလွန်သူများဟု သံသယရှိသူ တရုတ်နိုင်ငံသား (၂) ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရုတ်ရဲတပ်ဖွဲ့သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား (၂) ဦးကို ယနေ့ သြဂုတ် (၂၃) ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လွှဲပြောင်းပေး၍ တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ခြင်းဖြစ်‌ကြောင်း တရုတ်သံရုံးမှ သိရသည်။

အဆိုပါ သံသယရှိသူ (၂) ဦးအနက် (၁) ဦးမှာ အွန်လိုင်း လောင်းကစားနှင့် လိမ်လည်မှုအဖွဲ့၏ အမာခံခေါင်းဆောင်ဖြစ်ကာ အဓိကကျသူဖြစ်ပြီး ကျန်တစ်ဦးမှာ လိမ်လည်သည့် ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူဖြစ်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မကြာသေးမီက တရုတ် – ထိုင်း – မြန်မာ – လာအို (၄) နိုင်ငံရဲတပ်ဖွဲ့များသည် လောင်းကစားနှင့် လိမ်လည်မှုလုပ်ငန်းများကို ပူးပေါင်းတိုက်ဖျက်ရေးအတွက် အထူးပူးတွဲလှုပ်ရှားမှုစတင်ခဲ့ပြီး ဒေသတွင်း ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်မှုများကို တင်းကြပ်စွာ တိုက်ဖျက်၍ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ထိန်းချုပ်ထားခြင်းစသည့် ပြစ်မှုကျူးလွန်မှုများ များစွာဖြစ်ပွားနေသည့်အခြေအနေကို ပြတ်ပြတ်သားသားပြောင်းလဲရန် ရည်ရွယ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး လိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ (၆) ဦးကို တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ် ဖမ်းဆီးပို့ဆောင်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here