မိုးညိုမြို့နယ်ရှိ အခြေခံပညာ စာသင်ကျောင်း (၆) ကျောင်းအား ရေဝင်ရောက်နေမှုကြောင့် ယာယီပိတ်

0
178

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းများအတွင်းသို့ ဧရာဝတီမြစ်ရေဝင်ရောက်နေသဖြင့် သြဂုတ် (၂၁) ရက်မှ စတင်ကာ အခြေခံပညာ စာသင်ကျောင်း (၆) ကျောင်းအား ယာယီပိတ်ခဲ့ရကြောင်း သိရသည်။

ဧရာဝတီမြစ်ရေ မြင့်လာသဖြင့် အခြေခံပညာကျောင်းများအတွင်းသို့ ရေဝင်ရောက်မှုများရှိနေရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် ယာယီပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မိုးညိုမြို့နယ်ရှိ အ. မ.က(ခွဲ)ရစ်နှောင်းကုန်းကျောင်း၊ အ. မ.က(ခွဲ)အောင်မင်္ဂလာကျောင်း၊ အ.မ.က (စိန်တိုင်)၊ အ.မ. က(ခွဲ)အင်းတ္တော်လုပ် နှင့် အ.လ.က(ခွဲ) မကျီးကုန်း-၁၊ အ.မ.က(ခွဲ)အောင်မြင်သာယာ ကျောင်းတို့အား ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ စာသင်ကျောင်းများအား ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းမှသာ ပြန်လည်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ယာယီပိတ်ထားချိန်၌ ကျောင်းသားကျောင်းသူများ၏ စာသင်ချိန် သင်ခန်းစာများ နောက်မကျစေရေးအတွက် ကျောင်းပြန်ဖွင့်ချိန်တွင် စာသင်ရက်များကို အစားထိုး၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here