စီးပွားရေးစိန်ခေါ်မှုများကြားတွင် BRICS နိုင်ငံများ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါလာဟု အိန္ဒိယဝန်ကြီးချုပ်ပြောကြား

0
320

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့ စုပေါင်းဖွဲ့စည်းထားသည့် BRICS အဖွဲ့ဝင် နိုင်ငံများ၏ အခန်းကဏ္ဍသည် ကပ်ရောဂါ၊ ပထဝီဝင်နိုင်ငံရေး တင်းမာမှုများနှင့် စီးပွားရေး စိန်ခေါ်မှုအကျိုးဆက်များကြားတွင် အရေးပါလာခဲ့ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က ဂျိုဟန်းနက်စ်ဘာ့ဂ်တွင်ကျင်းပသည့် BRICS စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည်။

“၂၀၀၉ ခုနှစ်မှာ ပထမဆုံး BRICS ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့တဲ့အခါ ကမ္ဘာကြီးဟာ ကြီးမားတဲ့ဘဏ္ဍာရေးအကျပ်အတည်းကနေ လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက BRICS ဟာ ကမ္ဘာ့စီးပွားရေးအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ အခုလက်ရှိကာလမှာလည်း ကိုဗစ်ကပ်ရောဂါကြောင့် တင်းမာမှုတွေ၊ ကမ္ဘာ့ စီးပွားရေး စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့ ကာလတွေ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ BRICS နိုင်ငံတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်” ဟု မိုဒီက ပြောကြားခဲ့သည်။

BRICS စီးပွားရေးကောင်စီကို ဦးဆောင်သည့် တောင်အာဖရိကမှ ဦးဆောင်ကျင်းပရာတွင် BRICS နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးဖိုရမ်တွင် ပါဝင်နေကြသည်။ BRICS နိုင်ငံများ၏ ကုမ္ပဏီများ နှင့် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အများအပြား၏ ကိုယ်စားလှယ်များ၊ အာဖရိက ပြည်နယ်များနှင့် နိုင်ငံတကာ ငွေကြေးနှင့် စီးပွားရေး အဖွဲ့အစည်း အများအပြားတို့သည် ယင်းအစည်းအဝေးခန်းတွင် စုရုံးခဲ့ကြသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခံရသူများတွင် အာဖရိကနိုင်ငံ ၅၄ နိုင်ငံမှ ခေါင်းဆောင်များ ပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here