PSM Makassar အသင်း ရန်ကုန်ယူနိုက်တက်ကို ၄ ဂိုး ဂိုးမရှိဖြင့်အနိုင်ရ

0
280

အင်ဒိုနီးရှားကလပ် PSM Makassar အသင်းသည် ရန်ကုန်ယူနိုက်တက်ကို ၄ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိပြီး အုပ်စုအဆင့်သို့တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲစဉ်ကို ယနေ့ ဩဂုတ်လ ၂၃ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၃၀ နာရီ မိနစ် (အင်ဒိုနီးရှားစံတော်ချိန် – ည ၇:၀၀ နာရီအချိန်)၊ Capt. I Wayan Dipta တွင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

PSM Makassar အသင်းသည် ရန်ကုန်ယူနိုက်တက်အသင်းကို ပထမပိုင်းတွင် ၂ ဂိုး ဒုတိယပိုင်းတွင် ၂ ဂိုးသွင်းယူပြီး AFC Cup 2023/24 ပြိုင်ပွဲ အုပ်စုအဆင့်သို့တက်လှမ်းသွားပြီဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်ယူနိုက်တက်ယှဉ်ပြိုင််ခဲ့သည့် PSM Makassar အသင်းသည် ယခင်နှစ်အင်ဒိုနီးရှားလိဂ်တွင် ဗိုလ်စွဲခဲ့သည့်အသင်းလည်းဖြစ်သည်။

AFC Cup 2023/24 တွင် မြန်မာနေရှင်နယ်လိဂ်မှ အသင်းအဖြစ် ရှမ်းယူနိုက်တက်သာ ကျန်ရှိတော့ပြီး အုပ်စုအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Photo – YUFC


LEAVE A REPLY

Please enter your comment!
Please enter your name here