နိုင်ငံပိုင်ဘဏ်များအပေါ် အမေရိကန်အစိုးရက တဖက်သတ်ပိတ်ဆို့ခြင်းဖြစ်ဟု စီမံ/ဘဏ္ဍာဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းပြော

0
502

နိုင်ငံပိုင်ဘဏ်များဖြစ်သည့် MFTB နှင့် MICB တို့အပေါ် အမေရိကန်အစိုးရက တဖက်သတ်ပိတ်ဆို့ခြင်းဖြစ်ပြီး ယင်းသို့ ပိတ်ဆို့ရသည့် အကြောင်းပြချက်များသည်လည်း ခိုင်မာမူမရှိကြောင်း စီမံ/ဘဏ္ဍာဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

“အကြောင်းပြချက် ခိုင်မာမှုမရှိတဲ့ အရေးယူပိတ်ဆို့ မှုဖြစ်တယ်။ ဒီအပေါ်ကို နိုင်ငံအလိုက်၊ ဘဏ်အလိုက်ကလည်း အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူနေတယ် ။ ဒီလို အရေးယူပိတ်ဆို့ခံရခြင်းက နိုင်ငံတော်အစိုးရက ပြည်သူတွေအတွက် ဆောင်ရွက်ပေးနေတဲ့ ပညာရေး၊ ကျန်းမာရေးအစရှိတဲ့ အခြေခံအဆောက်အဦများ တည်ဆောက်ရေးအပြင် နိုင်ငံခြားငွေသုံးစွဲမှုတွေကို သက်ရောက်မှုတွေရှိပါတယ်။နိုင်ငံခြားဘဏ်ဝန်ဆောင်မှု ရယူသုံးစွဲနေတဲ့ပုဂ္ဂိုလ်တွေ အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေအပေါ်ကိုလည်းထိခိုက်စေတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ၂၀၂၃ ခုနှစ် ဇွန်လတွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ဩဂုတ်လ ၅ ရက် နေ့မှ စတင်ကာ ယင်းဘဏ်များနှင့် ထိတွေ့ဆက်ဆံမှုအားလုံး ရပ်ဆိုင်းရမည်ဟု ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here