ဝက်ဂ်နာအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်လေယာဉ်ပျက်ကျမှုကြောင့်သေဆုံးဟုဆို

0
242

မော်စကို၊ဩဂုတ် ၂၄

မော်စကိုမှစိန့်ပီတာစဘတ်သို့ထွက်ခွာလာသော စင်းလုံးငှားကိုယ်ပိုင်လေယာဉ်တစ်စီးသည် ဩဂုတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့တွင်ပျက်ကျသွားကြောင်းသိရှိရပြီး အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် ၇ ဦးနှင့် လေယာဉ်အမှုထမ်း ၃ ဦးပါဝင်ပြီး ၁၀ လုံးသေဆုံးသွားကြောင်းသိရသည်။

၎င်းတို့အနက် ဝက်ဂ်နာအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်လည်းပါဝင်သည်ဟု ရုရှားသတင်းဌာနများနှင့်မီဒီယာများကဖော်ပြခဲ့သည်။

အဆိုပါလေယာဉ်ပေါ်၌ပါသွားသည့်ခရီးသည်စာရင်း၌ ဝက်ဂ်နာအဖွဲ့ခေါင်းဆောင်ပရီဂိုဇင်၏နာမည်စာရင်းပါဝင်နေပြီး အမှန်တကယ်ပါသွားခြင်းရှိမရှိနှင့် လေယာဉ်ပျက်ကျမှုတွင်ပါဝင်ခြင်းရှိမရှိကိုမသိရသေးကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

“ယက်ဗနီပရီဂိုဇင်နာမည်နဲ့ခရီးသည်တော့ပါသွားပါတယ်၊ဒါပေမဲ့ ဝက်ဂ်နာအဖွဲ့ခေါင်းဆောင်ဟုတ်မဟုတ်ဆိုတာတော့အတည်မပြုနိုင်သေးပါဘူး” ဟု ရုရှားအရာရှိများကပြောကြားခဲ့ပြီး အခြားထပ်မံပြောကြားခြင်းမရှိခဲ့ပေ။

လက်ရှိအချိန်အထိ လေယာဉ်ပျက်ကျမှုကြောင့်သေဆုံးသူ ၁၀ ဦးအနက် ၈ ဦး၏ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း အရေးပေါ်ဌာန၏အရာရှိများအားကိုးကား၍ မီဒီယာများ၌ဖော်ပြထားသည်။လေယာဉ်ပျက်ကျမှုမဖြစ်မီ ပေါက်ကွဲသံနှစ်ကြိမ်ကိုကြားခဲ့ရကြောင်းလည်း သက်သေနှစ်ဦးကပြောကြားခဲ့သည်။

ပရီဂိုဇင်သည် ကိုယ်ပိုင်အရံတပ်ဖွဲ့တစ်ခုကိုတည်ဆောက်ထားသူတစ်ဦးဖြစ်ပြီး ရုရှား – ယူကရိန်းအရေးတွင်လည်း ရုရှားဘက်မှနေ၍ တပ်ဖွဲ့ဝင်သောင်းချီကို ယူကရိန်းသို့စေလွှတ်ပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။ သို့သော်၎င်းသည် နောက်ပိုင်းတွင် ရုရှားစစ်ခေါင်းဆောင်များအပေါ်စိတ်ပျက်အားလျော့လာကာ ဇွန်လကပုန်ကန်မှုတစ်ရပ်ကိုပြုလုပ်ခဲ့သေးသည်။

ယခုလေယာဉ်ပျက်ကျမှုတွင် ပရီဂိုဇင်ပါဝင်သည်ဟုဆိုသော်ငြားလည်း တနင်္လာနေ့ကတင်ခဲ့သော၎င်း၏ပို့စ်အရ ၎င်းသည် အာဖရိကနိုင်ငံတစ်ခုသို့ရောက်ရှိနေခြင်းဖြစ်ကြောင်းလည်းသိရသည်။

Ref 1 : ဝိုင်ယို
Ref 2 : အင်န်အိတ်ချ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here