U12 Junior Soccer World Challenge 2023 ပြိုင်ပွဲပွဲဦးထွက်တွင် ဘာစီလိုနာကို မြန်မာလူငယ်များရှုံးနိမ့်

0
626

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် ၁၁ ကြိမ်မြောက် U 12 Junior Soccer World Challenge 2023 ပြိုင်ပွဲ ပွဲဦးထွက် ဘာစီလိုနာ ယူ ၁၂ အသင်းကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် အုပ်စုအဖွင့် ပွဲစဥ်အဖြစ် ယနေ့ ဩဂုတ်လ ၂၄ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၄ ဂိုး ဂိုးမရှိရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

အုပ်စုဒုတိယပွဲစဥ် အဖြစ် ယနေ့ မြန်မာ စံတော်ချိန် နံနက် ၁၀ နာရီတွင် Daiwa House Dream အသင်း၊ အုပ်စု နောက်ဆုံးပွဲစဥ်အဖြစ် ဩဂုတ်လ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်တွင် JEF United Chiba U-12 အသင်းများနှင့် ယှဥ်ပြိုင် ကစားရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို  ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် ၂၄ မှ ၂၇ရက်အထိ  ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည်AYA Bank မှ ပံ့ပိုးကူညီမှုဖြင့် ၀င်ရောက်ယှဥ်ပြိုင်ခြင်းဖြစ်ကြောင်းသိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here