U12 Junior Soccer World Challenge 2023 ပြိုင်ပွဲဒုတိယပွဲစဥ်တွင် ဂျပန်ကလပ်ကို ရှုံးနိမ့်ခဲ့သော်လည်း မြန်မာလူငယ်များ ယှဉ်ကစားနိုင်ခဲ့

0
216

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် ၁၁ ကြိမ်မြောက် U 12 Junior Soccer World Challenge 2023 ပြိုင်ပွဲ ဒုတိယပွဲစဥ်တွင် ဂျပန်ကလပ်ကို ရှုံးနိမ့်ခဲကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် အုပ်စုဒုတိယပွဲစဥ်အဖြစ် ယနေ့ မြန်မာ စံတော်ချိန် နံနက် ၁၀ နာရီတွင် ဂျပန်ကလပ် JEF United Chiba U-12 အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၃ ဂိုး ၁ ဂိုး ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် ဒုတိယပွဲစဉ်တွင် လေ့ကျင့်စုဖွဲ့မှုကောင်းသည့် ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း ယှဉ်ကစားနိုင်ခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် အုပ်စု နောက်ဆုံးပွဲစဥ်အဖြစ် ဩဂုတ်လ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်တွင် Daiwa House Dream အသင်း နှင့် ယှဥ်ပြိုင် ကစားရမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် သြဂုတ် ၂၄ မှ ၂၇ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် AYA Bank မှ ပံ့ပိုးကူညီမှုဖြင့် ၀င်ရောက်ယှဥ်ပြိုင်ခြင်းဖြစ်ကြောင်းသိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here