ဆိုင်ကယ်အားတိမ်းရှောင်ရာမှ ဘိလပ်မြေအိတ်များတင်လာသည့် တွဲကားတိမ်းမှောက်ခဲ့မှု မိတ္ထီလာမြို့နယ်တွင်ဖြစ်ပွား

0
133

မန္တလေးတိုင်း၊မိတ္ထီလာမြို့နယ်၊မိတ္ထီလာ-တောင်ကြီးသွားကားလမ်းတွင် ဘိလပ်မြေအိတ်များတင်လာသည့်တွဲကား ဆိုင်ကယ်အားတိမ်းရှောင်ရာမှ တိမ်းမှောက်သွားခဲ့မှု သြဂုတ် ၂၄ ရက်(ယနေ့)နံ နက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က မိတ္ထီလာမြို့ နယ်၊မိတ္ထီလာ-တောင်ကြီးသွားကားလမ်းမကြီးပေါ်ရှိ တောမကျေးရွာအနီး မိုင်တိုင်အမှတ် ၃/၁ တွင် ဘိလပ်မြေအိတ်များတင်ဆောင်လာသော Volvo(အဖြူရောင်)တွဲကားသည် မျက်နှာချင်း ဆိုင်မှမောင်းနှင်လာသည့် ဆိုင်ကယ်အားတိမ်း ရှောင်ရာမှ လမ်းဘေးသို့လဲကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှတပ် ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူ ညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here